Friday, January 23, 2009

အရိုင်း၏ မိတ်ဆက်

ဗိုလ်ချုပ်အောင်ဆန်းကို ဆရာ ဒဂုန်တာရာက နာမည်တပ်သည်။ 'အောင်ဆန်း သို့မဟုတ် အရိုင်း' တဲ့။
နာမည်တပ်ခံရသူကလည်း ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိတွင် ၀မ်းမြောက်ဝမ်းသာ လက်ခံသည်။ 'မလွတ်လပ်နိုင်သော လူယဉ်ကျေး အဖြစ်ထက် လွတ်လပ်သော အရိုင်းဘ၀ကို အပြန်တရာ မြတ်နိုးသည်' ဟု ကြွေးကြော်သည်။
ယနေ့ခေတ်အခါတွင် အရေးမပါသော အကြောင်းအရာများအတွက် အဓိကမကျသော အမူအကျင့်တို့ကို ကျင့်ကြံကာ အစစ်အမှန်မဟုတ်သော ဖော်ပြချက်များသာ လွှမ်းမိုးနေသည်ဟု ထင်နေသော၊
အမြဲလိုလို စိတ်ချဉ်ပေါက်နေတတ်သော၊
ခပ်ရိုင်းရိုင်းကွင်းပြင်ကို ဥယျာဉ်ပန်းမန်တို့ထက် နှစ်သက်တတ်သော........
'အရိုင်း' တစ်ယောက်
ကိုယ်ပျော်မွေ့ရာကို တင်ဆက်ပါသည်။
အင်အားကြီးသော်လည်း နုညံ့သော ကြင်နာမှု
တန်ဖိုးကြီးသော်လည်း နှိမ့်ချသော အတ္တစိတ်တို့ဖြင့်
အရိုင်းပျော်သော တော..............

No comments:

Post a Comment